Wednesday, 17 May 2017 10:47

မြန်မာရိုးရာပုသိမ်ထီးလုပ်ငန်း

Pathein Umbrella Pathein Umbrella www.industrialdirectory.com.mm

မြန်မာရိုးရာပုသိမ်ထီးလုပ်ငန်းကို ရွှေပုသိမ်ထီးလုပ်ငန်းအမည်ဖြင့် ပုဂံမြို့ ၀က်ကျင်းအင်းရွာတွင် လုပ်ကိုင်လျှက်ပုသိမ်မြို့နှင့် အခြားနယ်မြို့များကိုပါဖြန့်ချိနေကြောင်းသိရသည်။ မြန်မာရိုးရာပုသိမ်ထီးလုပ်ငန်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးမှစတင်လုပ်ဆောင်ခဲ့သည် ဟုသိရသည်။

ပုသိမ်ထီးလုပ်ဆောင်ရန် စက်ပစ္စည်းများမလိုအပ်ပဲ သဘာဝပစ္စည်းများဖြင့်သာ ထုတ်လုပ်နိုင်သော ပစ္စည်းဖြစ်ပါသည်။

မြန်မာရိုးရာပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သည့် ရွှေပုသိမ်ထီးလုပ်ငန်းတွင် ပုသိမ်ထီးတစ်လက်ကို အနည်းဆုံးကျပ်ငွေ ၆၀၀၀ ဖြင့် ရောင်းချကြောင်းသိရသည်။

ပုသိမ်ထီးကို အလှဆောင်းဖဲထီးနှင့် ဆီထီးဟူ၍ ရှိကြောင်းသိရသည်။

ပုသိမ်ထီးကို ဘိုမပိတ်စဖြင့်သာ ပြုလုပ်ပြီး မိုးရေခံသည့် ဆီထီးကို ဆီသုတ်ထားပြီး အကြမ်းခံအောင်ပြုလုပ်ထားကြောင်းသိရသည်။

ပုသိမ်ထီးတစ်လက်ဖြစ်လာရန် ၀ါး၊ ကြိုး၊ တိတ်၊ ကော်၊ အစရှိသည့်ပစ္စည်းများလိုအပ်သည်ဟုသိရသည်။

အကြမ်းထည်ပြီးစီးသွားပါက အလှဆောင်းထီးပြုလုပ်ရန် ဒီဇိုင်းရေးဆွဲရပါသည်။ထိုမှတဆင့် ဆီထီး(သို့) မိုးရေခံထီးရရန် နောက်ဆုံးတွင် ဆီသုတ်ပေးရပါသည်။ 

ပုသိမ်ထီးတွင် အလှဆောင်းထီး ၊ ရဟန်းများဆောင်းသောထီး၊ စားသောက်ဆိုင်များတွင် အလှဆင်သောထီး ၊ ဟိုတယ်များတွင် အလှဆင်သောထီးစသည့်ဖြင့် ပုသိမ်ထီးကို အလှဆင်သည့် နေရာများတွင်လဲ အသုံးပြုကြောင်းသိရသည်။

Read 2570 times Last modified on Monday, 15 January 2018 07:04
Rate this item
(1 Vote)