ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ထားဝယ် အထူးစီးပွားရေးဇုန်ရှိ ရေနံချက်စက်ရုံ စမ်းသပ်ချက်နှောင့်နှေး

Sunday, 18 October 2020 01:33
 
ထားဝယ်အထူးစီးပွားရေးဇုန်တွင်  နှစ်စဉ်  ရေနံတန်ချိန်  ရှစ်သန်း ထုတ်လုပ်နိုင်သည့်  ရေနံချက်စက်ရုံအတွက် စမ်းသပ်မှုများ ပြုလုပ်ရာတွင် COVID-19 ဖြစ်ပွားမှုကြောင့် နှောင့်နှေးမှုများ ဖြစ်ပွားခဲ့ကြောင်း ထားဝယ် အထူးစီးပွားရေး စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်မှ  ပြောကြားခဲ့သည်။
 
“ တရုတ်ကုမ္ပဏီတစ်ခုက ဖြစ်နိုင်ချေရှိတဲ့ စမ်းသပ်မှုတစ်ခုကို လုပ်နေတယ်။ ဒီလအလယ်လောက်မှာ ပြီးမယ်လို့မျှော်လင့်ထားတယ်။ ဒါပေမဲ့သူတို့မလာနိုင်ဘူး။ပြီးတော့သူတို့ဆီက ခွင့်ပြုချက်ကို  တောင်းတယ်။ သူတို့က ဒီစီမံကိန်းနဲ့ ပက်သက်ပြီး အကျိုးဖြစ်ထွန်းမှုရှိ၊ မရှိ၊ စျေးကွက် ၀ယ်လိုအားနဲ့   အလုပ်သမား ရရှိနိုင်မှုတွေ ရှိ၊ မရှိ စတာတွေနဲ့ပက်သက်ပြီး ပြန်လည်ဆွေးနွေးပါတယ်။”ဟု ထပ်မံပြောကြားပါသည်။
 
ထို့အပြင် ဟောင်ကောင်၊ ဂျပန်နှင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများသည် ထိုစီမံကိန်းများကို  စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ထို့နောက်  ဒေသခံများ၊ ဒေသဆိုင်ရာ အစိုးရများနှင့်  ပြည်ထောင်စု အစိုးရအဖွဲ့များ အနေဖြင့် စီမံကိန်းအတွက် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဟု  ကော်မတီအတွင်းရေးမှူးမှ ပြောကြားထားသည်။
 
မြန်မာဓာတုပစ္စည်းနှင့်  စက်ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်အဖွဲ့သည်  လျှပ်စစ်နှင့်စွမ်းအင်  ၀န်ကြီးဌာနမှ  ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်နှင့် ထား၀ယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ စီးပွားရေးဇုန် အကောင်အထည်ဖော်ရန်အတွက် ဩဂုတ်လ (၁၉) ရက်နေ့တွင် တွေ့ဆုံမှုများလည်း ပြုလုပ်ခဲ့သည်။
 
ထို့အပြင် သန့်စင်စက်ရုံစီမံကိန်းနှင့်  ဖြစ်နိုင်ချေရှိ၊ မရှိ  စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ချက်များကို ထပ်မံစစ်ဆေးမှုများ ထပ်မံပြုလုပ်လျက်ရှိသည်။
 
By-Aye Myat
Source:Thaibizmyanmar

ကျန်းမာရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စက်ရုံ၊အလုပ်ရုံများသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

Saturday, 17 October 2020 02:18
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ချမှတ်ထားသည့် ကျန်းမာရေးစံနှုန်းများနှင့်  မကိုက်ညီသော စက်ရုံများကို ယခုအချိန်အထိ ဆိုင်းငံ့ထားရှိသည်။ကျန်းမာရေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် မဖြစ်မနေ ပြင်ဆင်ထားမှသာ ပြန်လည်ဖွင့်နိုင်မည် ဖြစ်သည်။
 
လက်ရှိအခြေအနေတွင်  ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံနင့် စီးပွားရေးလုပ်ငန်းပေါင်း(၂,၁၈၄)ခုအား  အောက်တိုဘာ (၁၂) ရက်မှ စတင်၍ ထိုလုပ်ငန်းများသည် ကျန်းမာရေး စံနှုန်းသတ်မှတ်ချက်  အဆင့် (A) ရရှိသဖြင့်  ပြန်လည်ဖွင့်လှစ်ခွင့် ပြုခြင်းဖြစ်သည်။အဆင့်(A) နှင့် မကိုက်ညီပါက လုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်သည်။
 
ခွင့်ပြုထားသော စက်ရုံများအား ကျန်းမာရေးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ထိုစက်ရုံများ လည်ပတ်နေစဉ်အတွင်းတွင် ၀န်ကြီးဌာနမှ စက်ရုံပေါင်း (၄,၀၇၆)ခုကို ကျန်းမာရေး စံနှုန်းသတ်မှတ်ချက်  အဆင့် (B)  နှင့် ထပ်မံစစ်ဆေးမည် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ  အဆင့် (အေ) နှင့်ကိုက်ညီသည့်  စက်ရုံများ၊ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ ကြိုတင် အကြောင်းကြားမည် ဖြစ်သည်။
 
၀န်ကြီးဌာနအနေဖြင့် ရုံးများ၊ စက်ရုံများနှင့်  လုပ်ငန်းခွင်များ၏ အတွင်းပိုင်း စစ်ဆေးမှု နှင့် ၎င်းတို့၏ကြိုတင်ပြင်ဆင်မှု  အစီရင်ခံစာအား နောက်ပိုင်းတွင် အွန်လိုင်းမှ တင်ပြရန်အတွက် အဖွဲ့တစ်ခု ဖွဲ့စည်းမည် ဖြစ်သည်။လိုအပ်ပါက စစ်ဆေးရေးအဖွဲ့ ထပ်မံဖွဲ့စည်းမည် ဖြစ်သည်။
 
စက်ရုံများ၊ အလုပ်ခွင်များနှင့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ချမှတ်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။
 
> စီးပွားရေးလုပ်ငန်းများအား အောက်တိုဘာ (၁၂)ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ပြု
 
By-Aye Myat
Source:mdn.gov

အောက်တိုဘာလ နောက်ဆုံးပတ်တွင် စတင်ပြေးဆွဲမည့် ချင်းပြည်နယ်ရှိ ပထမဆုံးလေဆိပ်

Friday, 16 October 2020 10:24

မြန်မာနိုင်ငံရှိ ချင်းပြည်နယ်မြို့တွင် ရှိသော ပထမဆုံးလေဆိပ်ဖြစ်သည့်  ဆူရ်ဘုန်လေဆိပ် တည်ဆောက်ရေး လုပ်ငန်းများသည်  ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်သည့်အတွက်  (၂၀၂၀) ခုနှစ်၊  အောက်တိုဘာ (၂၅) ရက်မှ (၂၇) ရက်ကြားတွင် လေယာဉ်စတင် စမ်းသပ်ပြေးဆွဲမည်ဖြစ်သည်။

ထိုသို့ လေယာဉ်ပုံမှန်ပြေးဆွဲရန် အတွက် COVID-19 ရောဂါအခြေအနေပေါ် မူတည်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ၊မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုမှ အောက်တိုဘာ (၁၆) ရက်နေ့တွင် ပြောကြားထားသည်။

“ကျွန်တော်တို့ (၂၀၂၀) ဇွန်လတုန်းကတော့ လေယာဉ်ပျံသန်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါတယ်။အဲဒီမှာ လေယာဉ်မှူးကြီးတွေရဲ့ အကြံပြုချက်အတိုင်း လေယာဉ်တွေ အန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်နိုင်ဖို့အတွက် လိုအပ်တဲ့ဆောင်ရွက်မှု တွေကိုဆောင်ရွက်ခဲ့တာ အခုဆိုရင် ရာနှုန်းပြည့်ပြီးစီးတဲ့အတွက် ဒီအောက်တိုဘာလမှာ ထပ်မံစမ်းသပ်ပြေးဆွဲမှာဖြစ်ပါတယ်’’ ဟု ၎င်းမှ ထပ်မံပြောကြားသည်။

စတင်ပြေးဆွဲတော့မည် ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်သည် ချင်းပြည်နယ်ရှိ  မြို့များနှင့်  အထင်ကရနေရာများ၏ အကွာအဝေးမှာ လုံပီးတောင်နှင့် (၄) မိုင်၊ ဖလမ်းမြို့နှင့် (၈ .၅) မိုင်၊ ဟားခါးမြို့နှင့် (၄၅) မိုင်၊ ရိဒ်ရေကန်နှင့်  (၆၄) မိုင် (၂) ဖာလုံ၊ တီးတိန်မြို့နှင့် (၈၃) မိုင် (၅) ဖာလုံ စသည်ဖြင့် ရှိသည်။

“လေဆိပ်ဖွင့်ပွဲ ပြီးရင်တော့ ပုံမှန်ပြေးဆွဲမှာပါ။ လေဆိပ်ဖွင့်ပွဲလုပ်ဖို့ က COVID-19 အခြေအနေပေါ် မူတည်ပါတယ်။ ဒီလေဆိပ်ကို တည်ဆောက်ဖို့အတွက် အချိန်(၅) နှစ်လောက်  ယူခဲ့ရပါတယ်။ လေယာဉ်ပုံမှန် ပြေးဆွဲတဲ့အချိန်ကျရင်  လူ (၇၂) ယောက်လိုက်ပါနိုင်မယ့် (ATR-72) လေယာဉ်တွေ ပြေးဆွဲနိုင်မှာဖြစ်ပါတယ်’’ ဟု ဦးရွှေထီးအိုမှ ပြောကြားသည်။

အဆိုပါ လေယာဉ်ပြေးလမ်း အလျားပေမှာ  (၆၀၀၀) ခန့်ရှိပြီး  အကျယ်ပေ (၃၀၀)ခန့်ရှိသည်။ပြေးလမ်း အမျိုးအစားမှာ Flexible Pavement ဖြစ်ပြီး ပြေးလမ်းအရှိန်သတ်စွန်းမှာ အလျားပေ (၂၀၀)ခန့်ရှိပြီး အကျယ် ပေ (၁၀၀)ခန့်ရှိသည်။လေယာဉ်ရပ်နားရာ နေရာသည်  အလျားပေ (၂၅၀)ရှိပြီး ၊ အကျယ်ပေ (၂၅၀)ခန့်ရှိသည်။၊ 

ပြေးလမ်း ခံနိုင်ရည်အားသည်   ပေါင် (၅၀,၀၀၀)ရှိပြီး ဆင်းသက်အသုံးပြုနိုင်မည့် လေယာဉ်များမှာ (ATR 72) (MTOW-၄၉၆၀၄ ပေါင်) ဖြစ်ကြောင်းပြီး  စုစုပေါင်း ကုန်ကျငွေပမာဏသည်  မြန်မာငွေ   (၃၇) ဘီလီယံ ခန့်ရှိသည်။ 

Sources:Xinhua

By-Aye Myat

(YRIC) မှ ဗီယက်နမ်အပါအ၀င် ပြည်ပနိုင်ငံများနှင့် ကန်ဒေါ်လာ (၆.၉၀၄)မီလီယံခန့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်

Friday, 16 October 2020 09:14

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) မှ ဗီယက်နမ်၊ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားစီမံကိန်း (၃) ခုကို ထောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာ (၁၄) ရက်တွင်ကျင်းပသည့်  ဗီဒီယိုကွန်ဖရန့်အရ သိရသည်။

အဆိုပါစီမံကိန်းများသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ (၆.၉၀၄) သန်းခန့် ရှိမည် ဖြစ်ပြီး စီမံကိန်းများ ပြီးဆုံးပါက ထိုစီးပွားရေးလုပ်ငန်းများမှ  အလုပ်အကိုင်ပေါင်း  (၂,၂၇၉) ခုကို ရရှိမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ပြောကြားချက်အရ အဆိုပါ စီမံကိန်းများသည် အ၀တ်အထည်များ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း၊ (CMP) အပေါ် အခြေခံ၍ သံ၊ သံမဏိနှင့်သွပ် စသည့် ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း  သိရသည်။

(၂၁၁၉-၂၀) ဘဏ္ဍာနှစ် အတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) မှ အမေရိကန်ဒေါ်လာ( ၂၈၀) မီလီယံ ကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း  (၁၃၀) ကျော်အား အတည်ပြု လုပ်ကိုင်ခွင့်ပေးခဲ့သည်။

ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ အခြားသော ၀န်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းများမှ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို အများဆုံးရရှိခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ တရုတ်၊ စင်္ကာပူ၊ ဂျပန်၊ ဟောင်ကောင်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ် (တိုင်ပေ)၊ မလေးရှား နိုင်ငံတို့နှင့်အတူ  ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်လျှက် ရှိသည်။ 

By-Aye Myat

Source:thaibizmyanmar

စက်တင်ဘာလအတွင်း ပို့ကုန်၊သွင်းကုန် တင်ပို့မှု စံချိန်တင် မြင့်တက်ခဲ့သော တရုတ်

Thursday, 15 October 2020 11:57

စက်တင်လာလတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍအပြင် သွင်းကုန်ကဏ္ဍပါ အပေါင်းလက္ခဏာ ပြခဲ့ပြီး တိုးတက်မှုများရှိလာကြောင်း တရုတ်အစိုးရမှ အသစ်ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးလုပ်ငန်း အများစုကို ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံမှ COVID-19 ကူးစက်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားပြီးနောက်  ပြန်လည်စတင်သည့် အချိန်တွင်  ယခုကဲ့သို့ ပို့ကုန်၊သွင်းကုန် တင်ပို့မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

အကောက်ခွန်ဌာန၏ အချက်အလက်များအရ သွင်းကုန်ကဏ္ဍမှ  သုံးလအတွင်း ပထမဆုံး အကြိမ်အဖြစ် ဂဏန်းနှစ်လုံးပမာဏသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပို့ကုန်ကဏ္ဍတွင်မူ  ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက (၁၀)ရာခိုင်နှုန်း တက်လာသည်ကို တွေ့ရပြီး ၎င်းသည် လေးလဆက်တိုက် ပို့ကုန်ရာခိုင်နှုန်း တိုးတက်ခြင်းလည်းဖြစ်သည်။

ပို့ကုန်ကဏ္ဍတွင် အများဆုံးတင်ပို့ရသော ကုန်ပစ္စည်းများမှာ နှာခေါင်းစည်းနှင့် ဆေးဝါးပစ္စည်းများ ဖြစ်သည်။ထို့အပြင်  Stay Home ကာလတွင် အသုံးများသည့် ပစ္စည်းများဖြစ်သော လက်ပ်တော့နှင့် တစ်ကိုယ်ရေသုံး အီလက်ထရောနစ် ပစ္စည်များသည်လည်း စျေးကွက်တွင် ရောင်းအားအကောင်းဆုံး ဖြစ်လာခဲ့သည်။

တရုတ်ပြည်မှ အမေရိကန်သို့ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ တင်ပို့မှုသည် (၃၂.၄%) မြင့်တက်ခဲ့ပြီး (၂၀.၁၃) ဘီလီယံယွမ်သို့ ရောက်ရှိခဲ့သည်။ ယခုနှစ်အတွင်း  တရုတ်မှ အမေရိကန်သို့ တင်ပို့မှုမှာ ယွမ်ငွေ( ၁.၈)% ခန့်ရှိပြီး (၂.၁၈) ထရီလီယံသို့မြင့်တက်ခဲ့သည်။ထို့အတူ  သွင်းကုန်တင်သွင်းမှုမှာလည်း  ယွမ် (၆၄၀.၈၆ )ဘီလီယံ ရှိပြီး (၂.၈)% သို့ရောက်ရှိခဲ့သည်။

တရုတ်စီးပွားရေး ပညာရှင်များမှ  ကုန်သွယ်မှု ပိုလျှံငွေ ဒေါ်လာ ဘီလီယံ (၆၀)ခန့်ရရှိမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း လွဲချော်သွားခဲ့ခြင်းဖြစ်သည်။ 

By-Aye Myat

Source:CNBC

COVID-19 ပြန်လည်ဖြစ်ပွားစဥ် ရန်ကုန်-ရှမ်း သယ်ယူပို့ဆောင်ရေး နှုန်းထားများ နှစ်ဆခန့် မြင့်တက်

Thursday, 15 October 2020 10:46
 
လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ဒုတိယအကြိမ် ထပ်မံဖြစ်ပွားစဥ်  အကျပ်အတည်းကာလ အတွင်းတွင် ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင်  ကုန်ကျစရိတ်သည် နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း ဟင်းသီးဟင်းရွက်ထုတ်လုပ်သူများနှင့်  ကုန်ပစ္စည်းတင်ပို့သူများ အသင်း (MEVP) မှ အတွင်းရေးမှူး ဦးကျော်သူက ပြောကြားသည်။
 
လက်ရှိအချိန်တွင် ကုန်တင်ယာဉ်ခ နှုန်းထားများသည် ယခင်နှုန်းထား (၆,၆၀၀,၀၀၀) မှ (၆၅၀,၀၀၀)တစ်နည်းအားဖြင့်  ကျပ်(၁.၆) သန်းအထိ သိသိသာသာမြင့်တက်နေလျက် ရှိသည်။
 
ထရပ်ကားမောင်းသော သူများ၏ စျေးနှုန်းသတ်မှတ်ချက်များအတိုင်း သယ်ယူပို့ဆောင်နေကြခြင်း ဖြစ်သည်။ထိုသို့ သယ်ယူပို့ဆောင်ရေး နှုန်းထားများ နှစ်ဆတိုးလာပြီး မကြာခင်ကပင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ ကုန်တင်ကားအစီး (၂၀) မှ (၃၀) သယ်ယူပို့ဆောင်မှုများ ပြုလုပ်နေကြသည်။
 
“ Coronavirus မဖြစ်ပွားခင်နှင့် coronavirus ပြန်လည် ဖြစ်ပွားစဥ်  အခုရက်ပိုင်း ကုန်တင်ကား (၂၀) ကျော် ၀င်ရောက်လာတာကို ကျွန်တော်တို့တွေ့ရတယ်” ဟု (MFVP) မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
 
 ထိုသို့သယ်ယူပို့ဆောင်ခများ မြင့်တက်လာသည့်အတွက် ရှမ်းပြည်နယ်မှ ထွက်ရှိသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊  ငရုတ်ကောင်းနှင့်  ခရမ်းချဉ်သီး တို့သည် ထရပ်ကားခများနှင့် အခြားသယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ​ဒေသခံထုတ်ကုန်များကို အခြားဒေသများသို့ အလွယ်တကူ သယ်ဆောင်နိုင်ခြင်းမရှိပါ။
 
“ ထရပ်ကားခတွေက ဈေးနှုန်းကိုတက်လိုက်တယ်။ အကျိုးဆက်ကတော့  စားသုံးသူတွေကို အခက်အခဲ တွေ့စေတယ်။ ပြီးတော့ တောင်သူလယ်သမားတွေကလည်း  အမြတ်အစွန်း များများမရတဲ့အပြင်  သူတို့အတွက် အကျိုးအမြတ်လည်းမရဘူးလေ။ ဒါကြောင့် ကုန်စည်နှုန်းကို ထိန်းချုပ်ဖို့အတွက်  သယ်ယူပို့ဆောင်ရေး ပြသနာတွေကို ဖြေရှင်းရအုံးမယ်။ ဒီလိုမှမဟုတ်ရင်  စျေးက ဆက်တက်နေဦးမှာပါ” ဟု (MEVP) မှ တာ၀န်ရှိသူ တစ်ဦးကသူ၏ ထင်မြင်ချက်များကို ပြောကြားခဲ့သည်။
 
By-Aye Myat
 
Source:gnlm

ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ (၈၈၁) ဌာနမှ အာမခံအလုပ်သမားများကို လူမှုဖူလုံရေး ထောက်ပံ့မည်

Thursday, 15 October 2020 07:05

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၈၈၁) ဌာနမှ အာမခံအလုပ်သမား (၈၁,၇၃၂) ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း  (၆,၀၀၁.၇၆၀) ကျပ်သန်းအား ခွင့်ပြုထုတ်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

အောက်တိုဘာလ (၅) ရက်နေ့တွင်  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၃၁၃) ဌာနမှ အာမခံအလုပ်သမား (၃၃,၈၀၂) ဦးအတွက် ထောက်ပံ့ငွေ (၂,၃၆၂.၇၃၃) ကျပ်သန်း၊ အောက်တိုဘာလ (၈) ရက်နေ့တွင် လုပ်ငန်းဌာန (၅၆၈) ဌာနမှ အာမခံအလုပ်သမား (၄၇,၉၃၀) ဦး အတွက် ထောက်ပံ့ငွေ (၃,၆၃၉.၀၂၇) ကျပ်သန်း ထုတ်ပေးခဲ့ပြီး  ဖြစ်သည်။

အလုပ်သမားရုံးများhttps://bit.ly/3drqLIW

ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းအတွင်း Stay At Home အစီအစဉ်တွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား အောက်တိုဘာလ ပထမပတ်မှ စတင်၍ လူမှုဖူလုံရေး ထောက်ပံ့ငွေ (၄၀) ရာခိုင်နှုန်းကို ထုတ်ပေးနေခြင်း ဖြစ်သည်။

မန္တလေးတိုင်းအတွင်း Stay At Home သတ်မှတ်ထားသည့် မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရမြို့နယ် (၃) မြို့နယ်ရှိ အာမခံအလုပ်သမားများကိုလည်း လစာ၏ (၄၀) ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လစာ၏ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ရန် စာရင်းပြုစုခဲ့ရာ လုပ်ငန်းပေါင်း (၇၅၀) နှင့် အလုပ်သမားဦးရေ (၂၁,၀၀၀) ေကျာ် ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးရုံးများhttps://bit.ly/3lSdyfr

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင် (သို့) အလုပ်ရှင်ကိုယ်စား တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အလုပ်သမားများ လူမှုဖူလုံရေး ထောက်ပံ့ငွေရရှိနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံများကိုဖြစ်စေ လူမှုဖူလုံရေးအဖွဲ့ Webportal Website https://www.mol.gov.mm/mm/ မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်မည် ဖြစ်သည်။

ထုတ်ပေးမည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ၏ စာရင်းအသေးစိတ်ကို သက်ဆိုင်ရာ စက်ရုံများသို့ အကြောင်းကြားထားပြီး ဝန်ကြီးဌာန ဝက်ဆိုဘ်ဒ်တွင် လွှင့်တင်ထားကာ UMFCCI နှင့် အလုပ်သမား သမဂ္ဂများထံသို့လည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်တောင်းခံလွှာများကိုလည်း ဘုတ်အဖွဲ့မှ ဆက်လက်စိစစ်၍ ကျန်ရှိသည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများအတွက် ထေညက်ပံ့ငွေ ဆက်လက် ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်သည်။

မြန်မာပြည် စီးပွားရေးလမ်းညွှန်
https://www.myanmarbusiness-directory.com/en/